ဆေးဝါးတက္ကသိုလ်၊ မန္တလေးတွင် တက်ရောက်နေသော ကျောင်းသား ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို တက္ကသိုလ်၏ ဘက်စုံခန်းမ၌ (၂.၇.၂၀၂၂)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများဖြစ်သည့် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ပါမောက္ခချုပ်၊ ပါမောက္ခ/ ဌာနမှူးများနှင့် တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
ဦးစွာ အခမ်းအနားကို ကျောင်းသား/ကျောင်းသူလေးများက မင်္ဂလာပါဂုဏ်ပြုသီချင်း သီဆို၍ ဖွင့်လှစ်ကာ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ဆေးဝါးတက္ကသိုလ်၊ မန္တလေး ပါမောက္ခဒေါက်တာသိန်းမေစောက ပညာသင်ကြားနေသော ဆေးဝါးတက္ကသိုလ် ဝန်ထမ်းသားသမီးများအား ပညာသင် ထောက်ပံ့ကြေးများနှင့် ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ပေးသည့်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများက တိုင်းရင်းသားရိုးရာအကများ၊ တေးသရုပ်ဖော်သီချင်းများ ဖြင့် ဖျော်ဖြေဧည့်ခံပြီးနောက် စီးပွားရေးရာဝန်ကြီးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၂၀၊ လူမှုရေးရာဝန်ကြီးက အားကစားပစ္စည်းများကို ပေးအပ်သည်။